ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက် ရာတွင် နှစ်နှစ်တာကာလ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၈၉၆ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လက်ရှိတွင် ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁,၂၈၇ .၀၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ မေလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော်အမြန်လမ်း၊မိုင်တိုင်အမှတ် ၁၀မိုင်၆ဖာလုံတွင် ယနေ့ နေ့လည် ၂နာရီ ၂၅မိနစ်တွင် လမ်းဘေး ချောက်ထဲသို့ ထိုးကျ၍ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
တီဟီရန် ၊ မေ ၄ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က အီရန်နျူကလီးယား သဘောတူညီချက် အား ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း နှင့် အမေရိကန် အနေဖြင့် ဆက်လက်၍ သဘောတူညီချက်အား ချိုးဖောက်ခြင်း သို့မဟုတ်...