Connect with us

Education & Health

သွေးလွန်တုပ်ကွေး ရောဂါကြောင့် ရှစ်လတာ အတွင်း သေဆုံးသူ ၆၈ ဦးရှိ

အသက် အုပ်စုအလိုက် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အခြေအနေအား ပြသထားစဉ်(ဓာတ်ပုံ - Myanmar CDC )

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၀ ရက် အထိ ဖြစ်ပွားသူပေါင်း ၁၃,၀၄၈ ဦး ရှိပြီး သေဆုံးသူ ၆၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ယနေ့သတင်း ထုတ်ပြန်မှု အရ သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အများဆုံးမှာ ဧရာဝတီ တိုင်းဒေသကြီး ဖြစ်ပြီး ၂,၃၅၀ ဦး ၊ သေဆုံးသူ ၈ ဦး ရှိပြီး ဒုတိယ ဖြစ်ပွားမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပြီး ၂,၀၃၁ ဦး ၊ သေဆုံးသူ ၁၉ ဦး ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါ အဖြစ် အများဆုံး တိုင်းဒေသကြီး/ပြည်နယ်များမှာ ဧရာဝတီ တိုင်းဒေသကြီး ၊ ရန်ကုန် တိုင်းဒေသကြီး ၊ ရခိုင် ပြည်နယ် ၊ ကချင် ပြည်နယ် နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေး ရောဂါပိုး သယ်ဆောင်သည့် အေဒီးစ်(Aedes) ခြင်ကျား အကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက် ဖြစ်ပွားကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် မိုးရာသီ၌ ဖြစ်ပွားမှု များပြားသော်လည်း အချို့သော တိုင်းဒေသကြီး/ပြည်နယ် တို့တွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားလျက် ရှိကြောင်း ၊ အသက် ၁၅ နှစ်အောက်တွင် အများဆုံး ဖြစ်ပွား တတ်သော်လည်း ယခုအခါ တွင် အသက်အရွယ် မရွေး ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ပုံမှန် ရာသီ အကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေး ရောဂါ လက္ခဏာ များ နှင့် ကွာခြားမှု မရှိသောကြောင့် မိဘများ ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ အနေနှင့် တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်နိုင်ခြေကို အစဉ်အမြဲ ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ရောဂါ ကာကွယ် နှိမ်နင်းရေး အသိပေးနှိုးဆော်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.