ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် တွင် ငွေကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ဒုက္ခသည်များ၏ စားဝတ်နေရေး အားလုံးအတွက် နိုင်ငံတော်က လုံလောက်စွာ ထောက်ပံ့ပေးနိုင်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ချုံချင့် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သည် လာအိုနိုင်ငံသို့သွားရောက်ကာ လူသားချင်းစာနာမှုအစီအစဉ်အတွက် စစ်ဆေးဖက်ဆိုင်ရာကယ်ဆယ်ရေး ပူးတွဲလေ့ကျင့်မှုတစ်ခုကို သြဂုတ် ၁၃ ရက် မှ သြဂုတ် ၂၆ ရက်အထိ ၁၄ ရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်မှ ၆၀ ကီလိုမီတာအကွာ ဂါးဒင်းဂရို့ဗ်မြို့တွင် သြဂုတ်လ ၇ ရက်က ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် လုယက်သူဟု သံသယဖြစ်ဖွယ်ရှိသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံပိုင် Myanmar Sat-2 ပါဝင်သည့် Intelsat 39 ဂြိုဟ်တုအား အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆင်ဟွာသို့ယနေ့ပြောကြားခဲ့သည်။