Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် တွင် ငွေကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများကိုတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် တွင် ငွေကျပ်သိန်း ၈၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဗဟိုကော်မတီက ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၇ ရက်နေ့ ၁၅း၀၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၉)ဟုမ္မလင်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဟုမ္မလင်းမြို့နယ်၊ ချောင်းဆုံကျေးရွာနှင့် တုံမလောကျေးရွာ ကြား၊ ဗျူဟာလမ်းပေါ်တွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ရှာဖွေနေသည့်နေရာအနီးတွင် မော်တော်ဆိုင် ကယ်အား ရပ်တန့်ပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ ထွက်ပြေးသွားသဖြင့် သွားရောက်စစ်ဆေးရာ ဆိုင်ကယ်ခွကြား တွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၀ သိန်း)နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀ သိန်း)တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ထမံသီနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.