တိုကျို၊ ဧပြီ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော နာဘီတာဂျီမာ အမည်ရှိ ဂျပန်အဘွားအိုသည် အသက် ၁၁၇နှစ်တွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၌ ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဧပြီ ၂၂ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်သုဿန်အနီးရှိ အမှိုက်ပုံ ဧက ၁၀၀ခန့် မီးလောင်ကျွမ်းပြီး မီးခိုးများ အဆမတန်ထွက်ရှိနေမှုအပေါ် စိုးရိမ်ထိတ်လန့်မှုမရှိစေရန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတိပေးကြေညာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin သည် တရုတ်နိုင်ငံသို့ လာရောက်ကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးလိုသည့် သတင်းအား တရုတ်နိုင်ငံက လက်ခံရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က ဧပြီလ ၂၂ ရက်က...
တူနီးရှား ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) လစ်ဗျား ရေတပ်က ဧပြီလ ၂၂ ရက်တွင် အနောက်ပိုင်းမြို့ Sabrata အနီး ပင်လယ်ပြင်၌ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ ၁၁ ဦး၏ရုပ်လောင်းများကို တွေ့ရှိဆယ်ယူခဲ့ပြီး လူ ၈၃ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။
ဘဂ္ဂဒက် ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အစိုးရ လေကြောင်း တပ်ဖွဲ့ ၏ ဧပြီလ ၁၉ ရက်နေ့ ၌ ဆောင်ရွက်ခဲ့သည့် လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ IS အစွန်းရောက်...