Connect with us

Social

မန္တလေး-လားရှိုး- မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်းတံတား ယနေ့ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိ

ဂုတ်တွင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်အား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Construction )

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

မန္တလေး-လားရှိုး- မူဆယ်လမ်းပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီး သွားသည့် ဂုတ်တွင်း သံကူကွန်ကရစ် တံတား အား ပြည်သူများ အမြန်သွားလာ နိုင်ရန် ဂုတ်တွင်း ဘေလီတံတားအား ယနေ့သြဂုတ် ၂၀ ရက်တွင် ဖွင့်လှစ်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

တံတားသံဘောင်များ Top Chord & Bottom Chord အပြီး တပ်ဆင်ခြင်း ၊ တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်း နှင့် တံတား Load Test အလေးခံနိုင်ဝန် စမ်းသပ် စစ်ဆေးပြီးပါက အိမ်စီးကားများ၊ ခရီးသည်တင် ကားများ နှင့် ကုန်ကားများ (ယာဉ်+ကုန်=၃၆တန်) ကို ယနေ့ညနေပိုင်းတွင် စနစ်တကျ ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ဝန်ကြီးဌာနမှ အသိပေးခဲ့သည်။

ဂုတ်တွင်းတံတားသည် သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ဗုံးခွဲ ဖျက်ဆီးခြင်း ခံခဲ့ရပြီး ပျက်စီး သွားသည့် ဂုတ်တွင်း သံကူကွန်ကရစ် တံတား ပြည်သူများ အမြန်သွားလာ နိုင်ရန်အတွက် (Triple Single) သုံးလွှာ တစ်ထပ် နှစ်လမ်းသွား ပေ ၂၁၀ အရှည် ယာယီဘေလီတံတား တည်ဆောက်ရေးအား သြဂုတ် ၁၆ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေး-လားရှိုး-မူဆယ်လမ်းမ ကြီးသည် မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းမကြီး ဖြစ်၍ လမ်းပန်း ဆက်သွယ်မှု မပြတ် တောက်စေရန် ၊ ကုန်စည်စီးဆင်းမှု လျင်မြန်စေရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)