ပေကျင်း၊သြဂုတ် ၂၄ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတီလာဆန် တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအရေးကိစ္စရပ်များကို သြဂုတ်လ ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှ ပေါင်းစပ် ညှိနှိုင်းသွားရန် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့်အတူ ကြိုးပမ်းအားထုတ်သွားရန် အသင့်ရှိကြောင်း ယနေ့(သြဂုတ်လ ၂၄ ရက်)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန် သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပြင်းထန် အသက်ရှုလမ်းကြောင်းပိုးဝင် ရောဂါကြောင့် သေဆုံးသူ ၃၃ဦးးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၌ သေဆုံးသူအများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သြဂုတ် ၂၃ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ဆန်နား၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြို့တော် ဆန်နား မြောက်ပိုင်းရှိ ဟိုတယ် တစ်ခုအား သြဂုတ်လ ၂၃ ရက် နံနက်အစောပိုင်းက ဆော်ဒီ ဦးဆောင်သော မဟာမိတ်ညွန့်ပေါင်း စစ်လေယာဉ်များ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိ...
ကွေ့ကျိုး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ယခုနှစ်၏ ၁၃ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် ဟတ်တို (Hato) သည် ယနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်းက မကာအိုနှင့် ဟောင်ကောင်ဒေသများသို့ ဝင်ရောက်ခဲ့ရာ ဟောင်ကောင်၌ ရုံးများနှင့် ကျောင်းများ ပိတ်ထားခဲ့ရပြီး လူ သုံးဦး...