Connect with us

Africa & Middle East

တူရကီနိုင်ငံရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံတွင် ပေါက်ကွဲမှုများဖြစ်ပွား

ပေါက်ကွဲမှုတစ်ခုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ နယ်စပ်အနီး တူရကီနိုင်ငံ တောင်ဘက် ဟာတေပြည်နယ် ရေဟန်လီခရိုင်ရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုတွင် သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှုသတင်းများ မရှိသေးကြောင်း NTV သတင်းများအရ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းအား လတ်တလောမသိရကြောင်း၊ သို့သော် သိုလှောင်ရုံတစ်နေရာတွင် မီးလောင်ခဲ့ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း NTV သတင်းများက ပြောခဲ့သည်။

သိုလှောင်ရုံအနီးဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဒေသခံများအား ရွှေ့ပြောင်းခဲ့ရကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပြီးနောက် အဆိုပါ နေရာသို့ သွားရာ အဝေးပြေးလမ်းမများနှင့် လမ်းမများအား ပိတ်ထားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမားများ၊ ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)