Connect with us

Videos

မြန်မာကျောင်းသား/သူများ တရုတ်နိုင်ငံ တွင် ပြုလုပ်သည့် နွေရာသီစခန်းတွင် ထပ်မံ ဆင်နွှဲမည်

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း တွင် ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား အား သြဂုတ်လ ၈ ရက် တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Pan Feng (ဦးဘုန်းကျော်) က ယခု ကဲ့သို့ မြန်မာ ကျောင်းသား/သူ များ တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ်ခွင့် ရရှိသည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ ထောက်ခံအားပေး ခဲ့သည့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ မှ တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား သွားရောက် ပါဝင်ခြင်း သည် မြန်မာ ကျောင်းသား/သူ များ အတွက် အလွန် အကျိုးရှိစေသည့်အတွက် အစီအစဉ် ဖြစ်မြောက်ရေး အတွက် ကူညီထောက်ပံ့ပေး ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ခရီးသွားနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ မစ္စတာ လျှိုဝေ (Mr.Liu Wei) က ယခုခရီးစဉ် စေလွှတ်သည့် ရည်ရွယ်ချက် က မြန်မာ လူငယ် များ က နောက်ဆုံးပေါ် သိပ္ပံနည်းပညာများ အား လေ့လာသင်ယူ နိုင်စေရန် ၊ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု တို့ အား ထုတ်ဖော်ပြသနိုင်စေရန် နှင့် တရုတ် လူငယ်များ နှင့် အပြန်အလှန်ဖလှယ်မှုများ ပြုလုပ် နိုင်စေရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျောင်းသား/သူ များ နှင့် အတူ တရုတ် နိုင်ငံ နွေရာသီ စခန်း သို့ သွားရောက် ခဲ့သည့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဘေဘီ က ခရီးစဉ် တွင် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် သင်ကြား ပို့ချမှု တို့ ကို ကျောင်းသား/သူ များ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြပြီး လူငယ် များ၏ မိမိ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် စိတ်ကူး များကိုလည်း တွန်းအားပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက် မှ ဇူလိုင်လ ၂၂ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့သည့် “2019 Beijing Science Camp for ASEAN Youths” သို့ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ စေလွှတ်သော ကိုယ်စားပြု အဖွဲ့ က သွားရောက် ပါဝင် ဆင်နွှဲခဲ့ကြသည်။ သြဂုတ်လ ၉ ရက် မှ ၁၉ ရက် အထိ တရုတ် နိုင်ငံ ပေကျင်း မြို့ နှင့် တလျန် မြို့ တို့တွင် ကျင်းပပြုလုပ် သွားမည့် “Joy Dancing Beijing_ The 8th Cultural & Art Exchange Week of International Youth” ပွဲကြီး သို့ လည်း ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၊ Fuxing Confucicus Class နှင့် Brain Works International School စသည့် ကျောင်း ၃ ကျောင်း မှ ကျောင်းသား/သူ ၂၀ ဦး နှင့် အတူ သက်ဆိုင်ရာ ကျောင်း အသီးသီး မှ ဆရာ တစ်ဦး စီ တို့က သွားရောက် ပါဝင်ကြမည် ဖြစ်သည်။

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သော နွေရာသီ စခန်း အား မြန်မာ ကျောင်းသား/သူ များ သွားရောက် ပါဝင် နိုင်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ က ဦးစီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ၊ မြန်မာ-တရုတ် ခရီးသွားနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်း ၊ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၊ Fuxing Confucicus Class နှင့် Brain Works International School တို့ က ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကာ Exploring Myanmar Culture & Tourism Organization မှ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.