ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဆဒုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တည် ကားလမ်းမိုင်တိုင်အမှတ် ၃၀/၃၁ ကြားနှင့် ၃၆/၃၇ ကြား၌ ယနေ့ (ဇူလိုင် ၂၇ ရက်)နံနက်(၅) နာရီခန့်တွင် တောင် ပြို၍ကားလမ်း ပိတ်ဆို့နေကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ...
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပေးဝေလျက်ရှိသော ရေပိုက်များပြုပြင်မည်ဖြစ်သဖြင့် မြို့နယ် ၂၁ မြို့နယ်တွင် ဇူလိုင် ၃၀ ရက်၌ ရေပေးဝေမှု ယာယီဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။