Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကလေး ၅ ဦး သေဆုံး

သိန်းနီမြို့အ၀င် ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်) ရှမ်းပြည်နယ် သိန်းနီမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကလေး ၅ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သိန်းနီမြို့ နာတီးကျေးရွာ သိန်းနီ-ကွမ်းလုံသွား ကားလမ်းမိုင်တိုင်အမှတ်(၃၁)အနီး ၌ ဇူလိုင် ၂၆ ရက် ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး ကလေး ၅ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သိန်းနီ-ကွမ်းလုံသွား ကားလမ်းမပေါ်တွင် ၁၂ ဘီးယာဉ်သည် မျက်နှာချင်းဆိုင်မှ ကလေး ၅ ဦးလိုက်ပါ လာသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်တိုက်မှုကြောင့် ကလေးငယ် ၅ ဦးတွင် ဦးခေါင်း/နောက်စေ့/ရင်ဘတ်/လက်/ခြေတို့ အရိုးကျိုး/ကြေမွ/ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ယင်း ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းအား နမ့်စလပ်နယ်မြေရဲစခန်းယာဉ်(ပ)၈/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉(ပေါ့လျော့မှုကြောင့် လူသေစေမှု /ယာဉ်မဆင်မခြင်မောင်းနှင်မှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)