Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရ

သိမ်းဆည်းရမိသော AAလက်နက်ကိုင်အဖွဲ့ အသုံးအဆောင်များ(ရဲဇာနည်)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာအတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးဦးစီး တပ်ခွဲ ၁ ခွဲ အခြေပြုနေသည့် ညောင်ချောင်းနယ်မြေရုံးစခန်း တိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

AA /ARSA ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၆ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ညောင်ချောင်းနယ်မြေရုံးစခန်းကျဆုံးမှုမရှိဘဲ AA အဖွဲ့ထံမှ အလောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ညောင်ချောင်းနယ်မြေ ရုံးစခန်း၏ အရှေ့တောင်နှင့် အနောက်တောင်ဘက်တို့မှ လက်နက်ကြီး/လက်နက်ငယ် များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညောင်ချောင်းနယ်မြေစခန်းမှ ပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲမှူး ဦးစီး လှုပ်ရှားတပ်ခွဲကလည်း အမြန်ဆုံးစစ်ကူပေးဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီတွင် AA /ARSA ပူးပေါင်းအဖွဲ့သည် အနောက်တောင် ဘက်နှင့် အရှေ့ဘက်သို့ အဖွဲ့ ခွဲဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး နယ်မြေရုံးဝန်းကျင်အား ရှင်းလင်းရာ အားကစားဝတ်စုံဝတ်AA အလောင်း သုံးလောင်း၊ M-22 တစ်လက်၊ M-79 မမဗုံးပစ်လောင်ချာ တစ်လက်၊ ကျည်အိမ် ရှစ်ခု၊ ကျည် ၄၀ ၊ ၄၀ မမဗုံးသီး နှစ်လုံး၊ လက်ပစ်ဗုံး ၁၇ လုံး၊ လက်လုပ်မိုင်း ခြောက်လုံးနှင့် ကျောပိုးအိတ် ၁၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။(Xinhua)