ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၇၅,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
နယူးယောက်၊ မတ် ၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ Zirandaro မြို့ အနောက်မြောက် အနောက်ဘက် ၌ မတ် ၃ရက် ဂရင်းနစ်စံတော်ချိန် ၁၅း၂၅း၅၇နာရီတွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် ငွေကျပ် ၇၁,၉၉၇. ၂၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန် ၊ မတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၂ ဦးထိရှိလာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)