ဟနွိုင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Ha Giang ပြည်နယ်တွင် နေထိုင်သည့် ဒေသခံ တစ်ဦးက မိသားစု တစ်စုဝင် လူလေးဦးအား ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက သတင်းတင်ပြထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူများထဲမှ ၃၇ဦးအတွက် အာမခံ လျော်ကြေး သိန်း၃၇၀ ပေးအပ်လိုက်ကြောင်း မြန်မာအာမခံလုပ်ငန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နွေစပါး စိုက်ပျိုးဧက၂ ဒသမ ၈ သန်း စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ကမ္ဘောဒီးယားနိုင်ငံရှိ တရားရုံးတစ်ရုံးသည် တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်(ဟောင်း) Suth Dina အား အကျင့်ပျက်ခြစားမှုဖြင့် ဒီဇင်ဘာလ ၁ ရက်တွင် ထောင်ဒဏ်ပြစ်ဒဏ် ၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။