ပေကျင်း၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်ဆက်သွယ်ရေးပစ္စည်းများထုတ်လုပ်သည့် ZTE ကော်ပိုရေးရှင်းက တရုတ်နိုင်ငံဈေးကွက်အတွင်းသို့ ပထမဦးဆုံး 5G ဖုန်းဒီဇိုင်း(မော်ဒယ်) 5G စမတ်ဖုန်းများကို သြဂုတ် ၅ ရက် တွင် စတင်ရောင်းချခဲ့ကြောင်း ထို (ZTE) ကုမ္ပဏီ ၏ Wechat တွင် တရားဝင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တိုကျို ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဂျပန် နိုင်ငံ၏ ဖူကူရှီးမား စီရင်စု၌ သြဂုတ် ၄ ရက်တွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် သွားခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီထံမှ သိရသည်။