ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ ယနေ့အထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းနှင့် တပ်မတော်မှ အရာရှိ/စစ်သည် ၁၇ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။
မော်စကို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်မှ MiG-29 ဂျက်တိုက်လေယာဉ် တစ်စင်းသည် မြေထဲပင်လယ်အတွင်းရှိ လေယာဉ်တင်သင်္ဘောပေါ်သို့ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့)တွင် ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ဗြိတိသျှရုပ်ရှင်တည်းဖြတ်သူ Anne V.Coates ၊ အမေရိကန် ဒါရိုက်တာ Lynn Stalmaster နှင့် အမေရိကန်မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Frederick Wiseman တို့နှင့်အတူ ၎င်းတို့၏ ဘဝတစ်သက်တာ ရုပ်ရှင်ရိုက်ကူးမှုတွင်ပါဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် အော်စကာရုပ်ရှင်အကယ်ဒမီဂုဏ်ပြုဆုကို...
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။ ကထိန်ရာသီ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်ပြီး...