Connect with us

North America

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ပစ်ခတ်မှုနှစ်ခုဆက်တိုက်ဖြစ်ပွား၊ လူ ၉ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သောနေရာတွင် ရဲကား တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၄ ရက် နံနက် ၁ နာရီ မိနစ် ၂၀ ခန့်က ချီကာဂိုမြို့ အနောက်ပိုင်း Douglas ပန်းခြံတွင် လူတစ်ချို့စုံညီပွဲပြုလုပ်နေစဉ် ကားပေါ်မှ သေနတ်သမားတစ်ဦးက ထိုလူစုကို ဦးတည် ပစ်ခတ်ခဲ့ရာ လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ချီကာဂို ရဲတပ်ဖွဲ့က ဆိုသည်။

ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ဒဏ်ရာရသူများမှာ အသက် ၂၀ အရွယ်ခန့်ရှိသော လူငယ်များ ဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အချင်းဖြစ်ပွားရာ Douglas ပန်းခြံကို ပိတ်ဆို့ရှင်းလင်းမှုများ ချက်ချင်း လုပ်ဆောင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်ပင် ၎င်းနေရာအနီးတစ်ဝိုက်တွင် ပစ်ခတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဆိုသည်။

အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးနေရာ သံသယဖြစ်ဖွယ် တရားခံအား မဖမ်းဆီးနိုင်သေးကြောင်း သိရသည်။

ဂိုဏ်းအဖွဲ့ခွဲ ရန်ငြိုးပွားလူသတ်မှုများကြောင့် ချီကာဂို၏ လုံခြုံရေးအခြေအနေသည် နှစ်ပေါင်းများစွာ မအေးမချမ်းဖြစ်နေရာ သေနတ်ပစ်ခတ်မှုအပါအဝင် အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117