Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ယာဉ်သုံးစီးဆင့်တိုက်မှုမှတစ်ဆင့်ပေါက်ကွဲမှုဖြစ်ပွား ၊ လူ ၃၀ ကျော် သေဆုံးဒဏ်ရာရ


ကိုင်ရို ၊သြဂုတ် ၅ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်မတော်တဆမှုမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အချင်းဖြစ်ရပ်မှာ ကိုင်ရိုမြို့ မြို့လယ်ခေါင်ရှိ အမျိုးသားကင်ဆာရောဂါ သုတေသနဌာန အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာသည့် ကား၁ စီးက လမ်းကြောင်းမှန် တွင် သွားလာနေသည့် ကား ၃ စီး ကို ဆင့်တိုက်ခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားရာ နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူများကို အနီးစပ်ဆေးရုံသုံးခုသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဝါရာရှော့ခ်ဖြစ်ကာ ဆီတိုင်ကီကို မီးကူးဆက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာများက ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117