နေပြည်တော်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတကာ ဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရရှိ အောင်မြင်နေသည့် မြန်မာ ကော်ဖီအား ရေရှည် အောင်မြင်စေရန် အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) မြန်မာ-EU နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobiaတို့ ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံ (CLMV နိုင်ငံများ)နှင့် တရုတ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့ လာရောက် ဆေးကုသမှုခံယူသူများအား ပြည်ဝင်ခွင့်ဗီဇာ မလိုအပ်ဘဲ ရက်ပေါင်း(၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ဂါဝရပြုပြီး ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ရီယာ့ဒ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဆော်ဒီဘုရင် ဆယ်လ်မန် ဘင် အဗ္ဗဒူလာဇစ် က ဘုရားဖူးများ ဆော်ဒီနိုင်ငံအတွင်းသို့ ကုန်းလမ်းမ နယ်စပ်ဂိတ် မှတစ်ဆင့် အီလက်ထရောနစ် ပါမစ်များ မလိုအပ်ဘဲ ဝင်ရောက်ခွင့်ပြုရန် သြဂုတ် ၁၆ရက် တွင် အမိန့်ပေးခဲ့ကြောင်း သိရသည်။