Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် တစ်ခုတွင် ATM စက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္ထာနီိပြည်နယ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော ATMစက်အားတွေ့ရစဉ် (ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္ထာနီ(Pattani) ပြည်နယ် ၊ Fatoni တက္ကသိုလ်ရှေ့ရှိ Islamic ဘဏ်၏ ATM စက်တွင် ယနေ့နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူ မရှိကြောင်း ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှု အရ သိရသည်။

အဆိုပါ ဗုံးသည် ဒေသ စံတော်ချိန် နံနက် ၀၀ နာရီ ၄၅ မိနစ် အချိန်တွင် ပေါက်ကွဲခဲ့ပြီး အာဏာပိုင်များက ယင်းဖြစ်စဉ်အား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ထိုင်းနိုင်ငံ Khaosod မီဒီယာတွင် ဖော်ပြ ထားသည်။ဒေသခံများက အခြား ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း နှင့် ပြည်နယ်၏ နေရာ အများအပြားတွင် မီးရှို့ထားသည့် ကားတာယာများကို တွေ့ရှိခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ တောင်ဘက် အစွန်ပိုင်းရှိ ပတ္ထာနီ(Pattani) ၊ နာရာသီဝတ်(Narathiwat)နှင့် ယာလ(Yala) ပြည်နယ် သုံးခုတွင် လက်ရှိ ဖြစ်ပေါ်နေသာ ပဋိပက္ခများကြောင့် သေနတ် ပစ်ခတ်မှုများ နှင့် ဗုံးခွဲမှုများ အပါအဝင် တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117