Connect with us

Education & Health

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၈၇ ဦးထိ ရှိလာ

H1N1 ရောဂါ ကူးစက်မှုမရှိရန် mask တပ်ဆင် သွားလာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် သြဂုတ် ၃ ရက်အထိ ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူ ဦးရေမှာ ၈၇ ဦးထိ ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၆၃ ဦးဖြင့် အများဆုံး ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

ရာသီ တုပ်ကွေး ရောဂါ (A(H1N1)pdm 09) ကြောင့် ဧရာဝတီ တိုင်းဒေသကြီးတွင် သေဆုံးသူ ဒုတိယ အများဆုံး အဖြစ် ၈ ဦး ရှိခဲ့ကြောင်း နှင့် ပဲခူးတိုင်းဒေသကြီးတွင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ရာသီ တုပ်ကွေး ရောဂါဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီ တိုင်းဒေသကြီး ၊ ကချင် ပြည်နယ် ၊ ရခိုင် ပြည်နယ် ၊ ပဲခူး တိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ရောဂါဖြစ်ပွားမှု အခြေအနေ များကို စောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း သြဂုတ် ၁ ရက်တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရာသီတုပ်ကွေး ရောဂါ(Seasonal Influenza)သည် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက် ရောဂါ တစ်ခု ဖြစ်ပြီး ၊ Influenza Virus ပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၊ ရာသီ တုပ်ကွေး ရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး အမျိုးအစား ၃ မျိုး (Type A,B and C) ရှိပြီး ယခုနှစ် ရာသီ တုပ်ကွေး ရောဂါ ဖြစ်ပွားမှု ဖြစ်စဉ်မှာ Seasonal Influenza Virus Type A ၏ အမျိုးအစားခွဲ တစ်ခု ဖြစ်သည့် Subtype A(H1N1)pdm 09 ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရ သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117