ဘရာဇီးဘောလုံးအသင်း တစ်သင်းမှ ကစားသမားများတင်ဆောင်လာသော လေယာဉ်သည် ကိုလံဘီယာနိုင်ငံ၌ (ယနေ့) နိုဝင်ဘာလ ၂၉ ရက်တွင် ပျက်ကျသွားကြောင်း သိရသည်။
ဘရာဇီးဘောလုံးအသင်း တစ်သင်းမှ ကစားသမားများတင်ဆောင်လာသော လေယာဉ်သည် ကိုလံဘီယာနိုင်ငံ၌ (ယနေ့) နိုဝင်ဘာလ ၂၉ ရက်တွင် ပျက်ကျသွားကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အိမ်ရှေ့မင်းသား မဟာ ဗာဂျီရယ်လောင်ကွန် (Maha Vajiralongkorn) သည် ထိုင်းနိုင်ငံ၏ ဘုရင်သစ် ဖြစ်လာမည် ဖြစ်ကြောင်းနှင့် သက်တော်ရာကျော်ရှည်ပါစေကြောင်း ထိုင်း လွှတ်တော်က နိုဝင်ဘာလ ၂၉ ရက်တွင် ရုပ်မြင်သံကြား ရိုက်ကူးပြသသော အစည်းအဝေး၌ သဘောတူလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ် လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မပေါက်ကွဲသေးသော M-150အချိုရည်ပုလင်းများအား တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။