Connect with us

Europe

နယူးဇီလန်နိုင်ငံက လက်နက်ဆိုင်ရာ ဥပဒေများ ပိုမိုတင်းကြပ်ရန်ရှိ

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

နယူးဇီလန် အစိုးရက နိုင်ငံအတွင်း လက်နက်ထိန်းချုပ်ရေးတင်းကြပ်ရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုလုပ်ဆောင်သွားရန်ရှိကြောင်း ဇူလိုင်လ ၂၂ ရက်တွင် ကြေညာလိုက်သည်။

လက်နက်ထိန်းချုပ်မှု လုပ်ဆောင်ချက်တွင် လက်နက်များအားလုံးအတွက် မှတ်ပုံတင်ပြုလုပ်ခြင်း၊ လူတစ်ဦးချင်း လက်နက်ကိုင်ဆောင်မှုလိုင်စင်အပေါ် ပိုမိုတင်းကြပ်မှုများနှင့် ခရီးသွားများအနေဖြင့် နယူးဇီလန်သို့လာရောက်ကာ လက်နက်များဝယ်ယူခြင်းအား တားမြစ်ခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က ထိုပြုပြင်ပြောင်းလဲမှု အသေးစိတ် အချက်အလက်များအား ကြေညာရင်း ယင်းသို့လုပ်ဆောင်မှုမှာ လက်နက်များအား မှားယွင်းအသုံးပြုသူများ လက်ထဲသို့ ရောက်ရှိသွားခြင်းကို တားဆီးနိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၂ ရက်တွင် ပြောခဲ့သည်။

“မတ်လ ၁၅ ရက်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုက ကျွန်မတို့ရဲ့ လိုင်စင်စနစ် ချို့ယွင်းချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်” ဟု အာဒန်က ဆိုသည်။

ထို့ပြင် ဇူလိုင်လ ၂၂ ရက်တွင် ကြေညာခဲ့သည့် အခြားသောပြုပြင်ပြောင်းလဲမှုများတွင် သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်အား ၁၀ နှစ်မှ ၅ နှစ်သို့ ထက်ဝက်လျှော့ချခြင်း၊ ခရီးသွားများအနေဖြင့် နယူးဇီလန်သို့ လာရောက်ကာ လက်နက်ဝယ်ယူခြင်းကို တားမြစ်ခြင်း၊ ရဲတပ်ဖွဲ့အတွက် သေနတ်များဆောင်ယူရန် ပိုမိုအာဏာရှိစေခြင်း၊ ခဲယမ်းမီးကျောက်များနှင့် အစိတ်အပိုင်းများ ဝယ်ယူမှုများအတွက် လက်နက်လိုင်စင်လိုအပ်ခြင်း၊ နိုင်ငံအတွင်းရှိ ခန့်မှန်းခြေ သေနတ်ကလပ် ၂၆၀ မှတ်ပုံတင်ခြင်း စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။

ယင်းအဆိုပြုချက်အသစ်မှာ မူကြမ်းအဖြစ်ရှိနေဦးမည်ဖြစ်ကြောင်း၊ သြဂုတ်လတွင် စတင်မည်ဟု မျှော်မှန်းထားကြောင်း ရဲတပ်ဖွဲ့ဆိုင်ရာဝန်ကြီး နက်ရှ် (Nash) က ပြောခဲ့သည်။ (Xinhua)