တိုကျို၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Mie စီရင်စု အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ (ဇူလိုင် ၂၈ ရက်)နံနက်ပိုင်းက ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အာသံပြည်နယ် နှင့် ဘီဟာပြည်နယ်တို့၌ ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိရာ စုစုပေါင်းဦးရေ ၂ဝဝ ကျော်ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာက ဇူလိုင် ၂၇ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က ရန်ကုန်မြို့ ၊ တာမွေ မြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ရှိ ကျောင်းသား/သူ (၁၂၂) ဦး အား...
ရှန်းကျန့်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဟွာဝေးက ၎င်း၏ပထမဆုံး 5G မိုဘိုင်းဖုန်းအား စီးပွားဖြစ်အသုံးပြုရန်အတွက် ၎င်းတို့၏ရုံးချုပ်ရှိရာ ရှန်းကျန့်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) အီရန်အမျိုးသား ရေနံတင် သင်္ဘောကုမ္ပဏီ(NITC)သည် တစ်လ ခန့်ကြာသော တန် ၃၂၀,၀၀၀တင် ရေနံတင်သင်္ဘောကြီးအား ပြုပြင်မွမ်းမံမှု အောင်မြင်စွာပြီးစီးသွားကြောင်း တီဟီရန် တိုင်း နေ့စဉ်သတင်းစာတွင် ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့သည်။