Connect with us

Science & Technology

ဟွာဝေးက စီးပွားဖြစ်အသုံးပြုရန်အတွက် ပထမဆုံး 5G မိုဘိုင်းဖုန်းအားပြသ

ဟွာဝေး၏ မိုးဘိုင်းဖုန်းဌာန အကြီးအကဲ ဟဲကန်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်းကျန့်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဟွာဝေးက ၎င်း၏ပထမဆုံး 5G မိုဘိုင်းဖုန်းအား စီးပွားဖြစ်အသုံးပြုရန်အတွက် ၎င်းတို့၏ရုံးချုပ်ရှိရာ ရှန်းကျန့်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

Huawei Mate 20 X (5G) က တရုတ်နိုင်ငံ၏ ပထမဆုံး 5G ကွန်ရက်လိုင်စင် ရရှိခဲ့ကြောင်း မိတ်ဆက်ခြင်း အခမ်းအနားတွင် ဟွာဝေး၏ မိုဘိုင်းဖုန်းဌာန အကြီးအကဲ ဟဲကန် (He Gang) က ပြောခဲ့သည်။Mate 20 X (5G) ဖုန်း၏ Balong 5000 က ဟွာဝေး၏ ပထမဆုံး 7nm multi-code 5G Kirin 980 chipset ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းမှာ လက်ရှိတွင် ကမ္ဘာ့တစ်ခုတည်းသော ကတ်နှစ်ခုသုံးနိုင်သည့် 5G ဆဲလ်ဖုန်းဖြစ်ပြီး standalone/non-standalone (SA/NSA) စနစ်ကို တစ်ပြိုင်နက် ပံ့ပိုးပေးထားသည်ဟု ဟဲက ဆိုသည်။

Huawei Mate 20 X (5G) အား မိတ်ဆက်ပြသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Huawei Mate 20 X (5G) အား မိတ်ဆက်ပြသနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါဖုန်းအား ဈေးနှုန်း ၆,၁၉၉ ယွမ် (အမေရိကန်ဒေါ်လာ ၈၉၈) ဖြင့် ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် မှာယူမှုများ စတင်လက်ခံခဲ့ကြောင်း၊ ဈေးကွက်အတွင်းသို့ သြဂုတ်လ ၁၆ ရက်တွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ဖုန်း၏ smart screens အား ဟွာဝေး၏ကိုယ်ပိုင် Hongmeng OS တပ်ဆင်ထားပြီး မကြာမီဈေးကွက်အတွင်းသို့ ရောက်ရှိလာမည်ဖြစ်ကာ ရုပ်မြင်သံကြားလုပ်ငန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဟွာဝေးက ဆိုသည်။အဆိုပါ smart screens က အခြားတံဆိပ်များစွာမှ device များနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး smart home systems အတွက် ထိန်းချုပ်စင်တာတစ်ခုလည်း ဖြစ်လာမည်ဟု ဟွာဝေး၏ consumer business ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ယုချန်တုံက ပြောခဲ့သည်။ (Xinhua)