Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် တန် ၃၂၀,၀၀၀ ရေနံတင်သင်္ဘော ပြုပြင်မွမ်းမံမှု ပြီးစီး

အီရန် ရေနံတင် သင်္ဘောကြီးတစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အီရန်အမျိုးသား ရေနံတင် သင်္ဘောကုမ္ပဏီ(NITC)သည် တစ်လ ခန့်ကြာသော တန် ၃၂၀,၀၀၀တင် ရေနံတင်သင်္ဘောကြီးအား ပြုပြင်မွမ်းမံမှု အောင်မြင်စွာပြီးစီးသွားကြောင်း တီဟီရန် တိုင်း နေ့စဉ်သတင်းစာတွင် ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့သည်။

DORE ရေနံတင် သင်္ဘောကြီးကို အီရန်နည်းပညာရှင်များ စီမံခန့်ခွဲပြင်ဆင်မှုသည် အီရန်နိုင်ငံ၏ ရေကြောင်း စက်မှုလုပ်ငန်းအတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း NITC၏ ဦးဆောင်ညွှန်ကြားရေးမှူး Nasrollah Sardashtiက ပြောကြားသည်။“ သင်္ဘောရဲ့အင်ဂျင်များ၊ မီးအားပေးစက်များနှင့် လျှပ်စစ်ပစ္စည်းများ အားလုံး ပြင်ဆင်ခဲ့တယ်”ဟု Sardashtiက ဆိုသည်။အဆိုပါ ရေနံတင်သင်္ဘောကြီးအား နောက်လာမည့် ငါးနှစ်အတွင်း ပြုပြင်မှုပြုလုပ်ရန် မလိုအပ်မည်မဟုတ်ကြောင်း ၎င်းကပြောသည်။DORE ရေနံတင်သင်္ဘောသည် ၃၃၃ မီတာရှည်လျားပြီး အီရန်အမျိုးသား ရေကြောင်းကုမ္ပဏီပိုင် သင်္ဘောဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117