Connect with us

Videos

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က နားမကြားသော ကလေးငယ် များအား ကျောင်းဝတ်စုံများ လှူဒါန်း

ရန်ကုန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က ရန်ကုန်မြို့ ၊ တာမွေ မြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ရှိ ကျောင်းသား/သူ (၁၂၂) ဦး အား ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲ ကို ဇူလိုင် ၂၆ ရက် တွင် အဆိုပါ ကျောင်း ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ချစ်ကြည်ရေး အသင်း အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ ၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ/ဆရာမ နှင့် ကျောင်းသား/သူ တို့ က တက်ရောက် ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မော်မော်ဦး က အဖွင့် အမှာစကား ပြောကြားရာတွင် ယခု ကဲ့သို့ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) မှ နားမကြားသော ကလေးများ အတွက် ကျောင်း ဝတ်စုံများ ပေးအပ်လှူဒါန်း ပေးသည့် အတွက် အထူး ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) အတွင်းရေးမှူး ဦးစိုးမြင့်ထွေး က ချစ်ကြည်ရေး အသင်း အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး ကိစ္စရပ် များ သာမက လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ယဉ်ကျေးမှု ၊ သာသနာရေး ၊ အားကစား နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားရာ တွင် ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ကို ၂၀၁၃ ခုနှစ် မှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယနေ့ တွင်လည်း အနယ်နယ် အရပ်ရပ် မှ ရောက်ရှိနေကြသော အဆောင်နေ နှင့် နေ့တက် သူငယ်တန်း မှ ပဉ္စမတန်း အထိ ကျောင်းသား/သူ စုစုပေါင်း ၁၂၂ ဦး အတွက် ကျောင်းဝတ်စုံ များ အား တစ်ဦးချင်း တိုင်းတာပေး ကာ စိတ်ဓာတ်ခွန်အား မြှင့်တင်ရေး နှင့် သန့်ရှင်း သပ်ယပ်ရေး တို့ အတွက် ရည်ရွယ်၍ လှူဒါန်း ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် ကျောင်းသား/သူ များ အား ကျောင်းဝတ်စုံများ ပေးအပ် လှူဒါန်း ပေးခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူး ကာ ကျောင်းဝင်း အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.