ထျန်းကျင်း၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် Panda Bus ဟု အမည်ရသည့် စမတ်နည်းပညာသုံး မောင်းသူမဲ့ ဘတ်စ်ကား များ ကို စတင်ပြေးဆွဲလျက်ရှိသည်။ ၎င်းဘတ်စ်ကားများမှာ ထျန်းကျင်းမြို့၏ ပထမဆုံးမောင်းသူမဲ့ ဘတ်စ်ကားများဖြစ်ကြပြီး လက်ဝါးပြင် မှတ်သားသည့် စနစ်ဖြင့် ခရီးသည်များကို တင်ဆောင်ခြင်းဖြစ်သည်။ ခရီးသည်များအနေဖြင့်...
ရန်ကုန်၊ ဇွန ၁၇ ရက် (ဆင်ဟွာ) မြန်မာယူနီကုဒ် စနစ်သုံး မြန်မာစာစနစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ရက်မှ စတင် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်းပေါင်း ၄၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအတွက် သိန်း ၅၅၀၀ကျော်ကို ဇွန် ၁၆ရက်က ထောက်ပံ့ပေးခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ရာသီတုပ်ကွေးရောဂါဖြစ်ပွား၍ ရောဂါပြင်းထန်သူများကို ကုသမှုပေးရန် ဆေးဝါးလုံလောက်မှုရှိစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇွန် ၁၅ရက်က ပြောကြားသည်။