Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မစ္စတာ ဘောရစ်ဂျွန်ဆင်တို့ တွေ့ဆုံစဉ်(MOFA)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် မစ္စတာ ဘောရစ်ဂျွန်ဆင် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ဗြိတိန်နိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် မစ္စတာ ဘောရစ်ဂျွန်ဆင်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသဖြင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ဇူလိုင် ၂၆ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ဗြိတိန်ဝန်ကြီးချုပ်အသစ် ဘောရစ်ဂျွန်ဆင်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ဖူးသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117