ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၊ သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်ဆေးဆိုင်များကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများကိုလည်းအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ယနေ့သတင်းထုတ်ပြန်သည်။
မက္ကဆီကို စီးတီး၊ မတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရာဂိုမြို့လယ်ခေါင်တွင် ဆန္ဒပြသူရာပေါင်းများစွာ သည် “တံတိုင်းများအစား တံတားများ တည်ဆောက်ပေးပါ” ဟု ကြွေးကြော်ကာ မက္ကဆီကို နယ်စပ်သို့ အမေရိကန်သမ္မတအဖြစ် လာရောက်သည့် ဒေါ်နယ်ထရမ့် ၏ ပထမဆုံးခရီးစဉ်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက မည်သည့်နိုင်ငံကမျှ အနိုင်ရမည်မဟုတ်ဟု မိမိတို့အနေဖြင့်ယုံကြည်ပါကြောင်း၊ မိမိတို့တရုတ်နိုင်ငံအနေဖြင့် လည်း ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား မျှတစွာကူးသန်းရောင်းဝယ်သည့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအဖြစ်မြင်တွေ့လိုပါကြောင်း စသဖြင့်ဝန်ကြီးချုပ်လီခဲ့ချန်က မတ်လ ၂ဝ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ တရုတ်နိုင်ငံက အခြား ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းနိုင်ငံများအား ကူညီထောက်ပံ့ခြင်းကို မဟာဗျူဟာမြောက်...