Connect with us

Asia

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့လေဆိပ်၌ လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေဆိပ်အား ရှစ်နာရီကြာပိတ်ခဲ့ရ

ခတ္တမန္ဒူ ၊ ဇူလိုင်လ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ၏တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ခတ္တမန္ဒူမြို့ရှိ ထရီပူဗန်နိုင်ငံတ ကာလေဆိပ်အား ဇူလိုင်လ ၁၂ ရက်ကရှစ်နာရီကြာ ပိတ်ထားခဲ့ရပြီးနောက် ညနေပိုင်းတွင်ပုံမှန်လေ ကြောင်းပျံသန်းမှုများ ပြန်လည်စတင်နိုင်ခဲ့ကြောင်းသိရသည်။

လေဆိပ်အားထိုနေ့နံနက်ပိုင်းက ခတ္တမန္ဒူအခြေစိုက်ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သော Yeti Airlines မှလေယာဉ်တစ်စီးဆင်းသက်စဉ် ပြေးလမ်းချော်မှုဖြစ်ပွားပြီးနောက်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါလေယာဉ်က နိုင်ငံအနောက်ပိုင်းရှိ နီပေါလ်ဂွန့်ဂ ျ် (Nepalgung) မြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး ကလေးနှစ်ဦးအပါအဝင်ခရီးသည် ၆၆ ဦး နှင့် လေယာဉ်ဝန်ထမ်း သုံးဦးတို့လိုက်ပါလာကာ လေယာဥ ပေါ်ပါသူအားလုံးဘေးအန္တရာယ်ကင်းကြကြောင်းသိရသည်။

Yeti Airlines မှထုတ်ပြန်ခဲ့သောကြေညာချက်တစ်ရပ်တွင် ပြေးလမ်းချော်ခဲ့သော 9N-AMM ATR-500 လေယာဉ်အားပြေးလမ်းကြောင်းမှဖယ်ရှားနိုင်ခဲ့ပြီးလေဆိပ်ကိုလည်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းဖေါ် ပြခဲ့သည်။လေဆိပ်ပိတ်ထားစဉ်အတွင်း ဆင်းသက်မည့်လေယာဉ်အားလုံးအားအခြားနိုင်ငံများသို့ပြောင်းလဲဆင်း သက်ခဲ့ပြီးလေဆိပ်မှတက်မည့်လေယာဉ်ခရီးစဉ်များအားလုံးကိုလည်းရပ်ဆိုင်းထားခဲ့ရရာ လေကြောင်း ကုမ္ပဏီများစွာအတွက်ဆုံးရှုံးမှုများဖြစ်ခဲ့ရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.