Connect with us

North America

အမေရိကန်နိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်းက ဟာရီကိန်းမုန်တိုင်းအဖြစ် ပြောင်းလဲဝင်ရောက်မည်ဟု ခန့်မှန်း

အပူပိုင်းမုန်တိုင်း ဘာရီ (Barry) ကြောင့် လူစီယားနားပြည်နယ်တစ်နေရာရှိ ရာသီဥတုအနေအထားအား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ )

ဟို့စ်တန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

အပူပိုင်းမုန်တိုင်း ဘာရီ (Barry) သည် အမေရိကန်ပြည်ထောင်စု၊ လူစီယားနားပြည်နယ် (Louisiana) ကမ်းရိုးတန်းအလယ်ပိုင်းတစ်လျှောက် ဟာရီကိန်းမုန်တိုင်းအဖြစ် ဇူလိုင်လ ၁၃ ရက်နံနက်ပိုင်းတွင် ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

အမေရိကန်နိုင်ငံ အမျိုးသား ဟာရီကိန်းစင်တာ၏ ပြောကြားချက်အရ ဘာရီမုန်တိုင်းသည် အားကောင်းလာပြီး ဟာရီကိန်း အဆင့် ၁ အဖြစ် အမေရိကန်နိုင်ငံ Louisiana ပြည်နယ် တောင်အလယ်ပိုင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း၊ မုန်တိုင်းကြောင့် မြောက်အလယ်ပိုင်းကမ်းရိုးတန်းတလျှောက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)