Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် ၃ဦးသေဆုံး

ချောင်းဦးမြို့နယ်၌ ယာဉ်နှစ်စီးတိုက်ပြီး ပျက်စီးသွားသော Hijet ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်း မိုင်တိုင် (၆၅/၂-၃)ကြား၌ ဇူလိုင် ၁၁ ရက်တွင် ယာဉ်တိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရွှေမန်းသူ ခရီးသည်တင်ယာဉ်နှင့် မြင်းမူမှ မုံရွာသို့ မောင်းနှင်လာသော Hijet ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး Hijet ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးသည် ဦးခေါင်းကြေမွ/ ဦးခေါင်းထိပ်ချိုင့်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးမှ ယာဉ်မောင်း စောဆက်စံနှင့် သန့်ဇင်ဖြိုး(ဖမ်းမိ)တို့ ၂ ဦးအား ချောင်းဦး မြို့မရဲစခန်း ယာဉ်(ပ) ၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈(ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်နာကျင် စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)