ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုများ အရ သိရသည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲများကို ယနေ့ ညနေပိုင်း စတင်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့က စတင်...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရာဘတ် မေ ၉ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံမြောက်ပိုင်း Kenitra မြို့ ရှိ မြေထဲပင်လယ်တွင် တရားမဝင်ရွှေ့ပြောင်း သွားလာသူ ၂၇ ဦးကယ်တင်နိုင်ခဲ့ကြောင်း မော်ရိုကိုတပ်မတော်က မေလ ၈ ရက်တွင် ပြောကြားသည်။
ဘရပ်ဆဲလ်၊ မေ ၉ ရက် (ဆင်ဟွာ) ဥရောပအင်အားကြီးနိုင်ငံများက အီရန်နိုင်ငံအား နျူကလီးယား သဘောတူစာချုပ်ပါ ကတိကဝတ်များအား ဆက်လက်အကောင်အထည်ဖော်ရန် အခိုင်အမာ တိုက်တွန်းလိုက်ကြောင်းနှင့် မည်သည့် ရာဇသံမျိုးကိုမဆို ပယ်ချလိုက်ကြောင်း မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။