Connect with us

Africa & Middle East

တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါတွင် အင်အား ၆.၁ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံစံတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နူကူးအလိုဖာ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ တွန်ဂါ ကျွန်းနိုင်ငံတွင် ဇွန် ၁၆ ရက်က အင်အား ၆.၁အဆင့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူနှင့်ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။

အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက်သတင်းအရ အဆိုပါငလျင် သည် ဇွန် ၁၆ ရက် ဒေသစံတော်ချိန် ၁၀ နာရီ ၅၆ မိနစ်က Euaကျွန်း Ohonuaမြို့ ရှေ့မြောက်ဘက် ၉၇ ကီလိုမီတာတွင် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ငလျင်နှင့်စပ်လျဉ်း၍ တောင်ပစိဖိတ်သမုဒ္ဒရာ ဆူနာမီ သတိပေးစင်တာမှ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်း မရှိဟု သိရသည်။တွန်ဂါနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ မီးတောင်ငလျင်ခါးပတ်ကြောတွင် တည်ရှိရာ ငလျင် မကြာခဏ လှုပ်ခတ်လေ့ရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117