Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးတွင် ကားဗုံးခွဲတိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရ


မိုဂါဒစ်ရှူး၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ဇွန် ၁၅ ရက်က ကားဗုံးခွဲတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ တိုက်ခိုက်သူအပါအဝင် ၁၀ ဦး သေဆုံးပြီး ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုမာလီယာရဲဘက်ဆိုင်ရာက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ဇွန် ၁၅ ရက်က လွှတ်တော်အဆောက်အဦအနီးရှိ စစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ဆိုသည်။ မိုဂါဒစ်ရှူးမှ လေဆိပ်သို့သွားရာလမ်းရှိ စစ်ဆေးရေးဂိတ်တွင်လည်း ယင်းနေ့က ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ၊ အချင်းဖြစ်ပွားမှုကြောင့် တိုက်ခိုက်သူ ယာဉ်မောင်း သေဆုံးခဲ့သလို ၎င်းနှင့်လိုက်ပါလာသူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် နောက်ထပ်တိုက်ခိုက်မှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ဆိုမာလီယာလုံခြုံရေးတပ်ဖွဲ့ဝင်များက မိုဂါဒစ်ရှူးရှိ အဓိကလမ်းမများကို ပိတ်ဆို့ထားကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုနှစ်ခုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ဆိုမာလီယာ အယ်လ်ရှာဘတ်များက ကြေညာထားသည်။ ဆိုမာလီယာ အယ်လ်ရှာဘတ်သည် အယ်လ်ကိုင်ဒါးနှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်း ဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့်အခြားအိမ်နီးချင်းနိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှု ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)