ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်-ဂီနီ ဆက်ဆံရေးများ ခိုင်မာသော အရှိန်အဟုန် ရရှိနေပြီဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန်က ချီးကျူးလိုက်ပြီး နှစ်နို်င်ငံအနေဖြင့် ဘုံ အကျိုးစီးပွားများနှင့် အဓိက ဆက်စပ်နေသည့် ကိစ္စရပ် တစ်ခုချင်းစီအား နားလည်မှုနှင့် ထောက်ပံ့မှုများ ဆက်လက် ပြုလုပ်သွားသင့်ကြောင်း ပြောကြားခဲ့သည်။
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂ဝ၃ဝ ပန်းတိုင်ရည်မှန်းချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်ရန် နှင့် ဈေးကွက်ဖော်ဆောင်မှုတွင် ပိုမိုခိုင်မြဲစွာဖြင့် စည်းစည်းလုံးလုံး နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် စက်တင်ဘာလ ၄ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရှမိန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှု အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၅ရက်တွင်ပြုလုပ်သည့် ပေါ်ထွန်းစ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဆွေးနွေးမှု စကားဝိုင်း ၌ကြေညာခဲ့သည်။
ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှုတွင် BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အား အင်ဂျင် ဖြစ်လာမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများသည် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုက်ဖျက်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းအား မြှင့်တင်ဆောင်ရွက်ရန် စက်တင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။ ရှီက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်မြို့တွင်...