Connect with us

Agriculture

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်၊ မြို့နယ်(၇)မြို့နယ်တွင်မိုးစပါး ၄၃၆,၀၃၉ ဧက စိုက်ပျိုးရန် လျာထား

ကရင်ပြည်နယ်ရှိလယ်ယာမြေစိုက်ခင်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခရိုင်၊ မြို့နယ်(၇)မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါး ၄၃၆,၀၃၉ ဧက စိုက်ပျိုးရန် လျာထားကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းဌာန ၏ သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်၏ ထူးခြားချက်တစ်ခုအနေဖြင့် ရာသီဥတုအခြေအနေအရ တောင်သူဦးကြီးများသည် ရွာသွန်း မည့်မိုးရေချိန်၊ ပျိုးထောင်မည့်ဧရိယာ၊ ပျိုးထောင်မည့်ကာလကြာချိန်ကိုလိုက်၍ မိုးကောင်းသောက်လယ် များသည့် အတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ထွန်ယက်ပျိုးထောင်သည့်လုပ်ငန်းများကို ဇွန်လတွင် စတင်ဆောင်ရွက်နေကြ သော်လည်း ရေကြီးနစ်မြုပ်သည့်နေရာဒေသများတွင် သြဂုတ်လ၊စက်တင်ဘာလ များမှသာ စိုက်ပျိုးရသည့် ရေကျ နောက်စိုက်ဧရိယာများအဖြစ် ကွဲလွဲမှုများရှိသည့် ပြည်နယ်တစ်ခုဖြစ်ရာ တောင်သူအများစုသည် မေလကုန်ဇွန်လဆန်းခန့်မှ လယ်ယာလုပ်ငန်းခွင်ကိုစတင်ဝင်ရောက်ကြပြီး အောက်တိုဘာ လကုန်ထိ ရာသီဥတုအခြေအနေကိုလိုက်၍ မိုးစပါးကို စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ရာသီမတိုင်မီ တောင်သူနည်းပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့ပြီး ပျိုးထောင်နည်းစနစ်နှင့် စိုက်ပျိုးနည်းစနစ်ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကာ မြေအချဉ်ဓါတ်များ၍ မြေဆီလွှာအနည်းငယ်ပြုပြင်ဆောင်ရွက်ရသည့် အခြေအနေများကြောင့် တစ်ပြည်နယ်လုံး ပျမ်းမျှ အထွက်နှုန်းမှာ ၇၉ တင်းခန့် ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်တွင် ၂၄၉၁၆၁ ဧက၊ ကော့ကရိတ်ခရိုင်တွင် ၁၅၇၇၆၇ ဧက၊ မြဝတီခရိုင်တွင် ၁၁၇၉၉ ဧက၊ ဖာပွန်ခရိုင်တွင် ၁၇၄၁၂ ဧက မိုးစပါးစိုက်ပျိုးရန်လျာထားပြီး တစ်ဧကအထွက်နှုန်း တိုးတက် ရရှိရေးနှင့် မိုးစပါး လျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြေမှန်၊ မျိုးမှန်၊ ရာသီမှန်၊ စိုက်စနစ်မှန် ဟူသည့် မှန်လေးမှန်ဖြင့် တောင်သူများစိုက်ပျိုးလုပ်ကိုင်နိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ကွင်းဝန်ထမ်းများချိတ်ဆက်၍ နှိုးဆော် ပေးလျက်ရှိကြောင်း၊ မြေယာပြင်ဆင်ခြင်းလုပ်ငန်းအတွက် စက်မှု လယ်ယာနှင့် ချိတ်ဆက်၍ လယ်ယာသုံးစက်ကိရိယာ များငှားရမ်းပေးခြင်းနှင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် စိုက်ပျိုးရေးဦးစီးမှူးများ၊ ပညာရှင်များ၊ ကွင်းဝန်ထမ်းများ၊ စိုက်ပျိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကွင်းထဲ လယ်ထဲအရောက် ပညာပေး စည်းရုံး နှိုးဆော်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117