ကဘူးလ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပူးတွဲစစ်စခန်းတစ်ခုအား သန်းခေါင်ယံအချိန်တွင် တာလီဘန်စစ်သွေးကြွတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၅ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ Tolo News ရုပ်သံလိုင်းက သြဂုတ် ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သြဂုတ် ၁၂ နှင့် ၁၃ ရက်နေ့များ တွင် မိုးများရွာသွန်းပြီး ငဝန်မြစ်ရေ တိုးလာသောကြောင့် ရယက- ၁၂ နယ်မြေ ရေကြည်ဦး ရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာယီကယ်ဆယ်ရေး စခန်း ဖွင့်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ...
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တွားသွားသတ္တဝါအမျိုးအစားအစုံကိုပြသသည့် ကမ္ဘာ့အကြီးဆုံး ပြပွဲတစ်ရပ်ကိုသြဂုတ်လ ဒုတိယရက်သတ္တပတ်အကုန်တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် တွားသွားသတ္တဝါချစ်သူထောင်ပေါင်းများစွာတက်ရောက်ခဲ့ကြသည်။ လာရောက်ကြသူများမှာတွားသွားသတ္တဝါများကိုရောင်းချသူ၊ မွေးမြူသူများနှင့်တွေ့ဆုံနိုင်ပြီး အဆိုပါ တွားသွားသတ္တဝါများနှင့်လည်းတွေ့ထိ ကိုင်တွယ်နိုင်ကြသည်။ ပုတ်သင်ညိုများ၊ လိပ်များ၊ မြွေများနှင့် အခြားတွားသွားသတ္တဝါအမျိုးအစာ းအစုံကို လေ့လာနိုင်မည့်ပြပွဲတစ်ပွဲလည်းဖြစ်ကြောင်းသိရသည်။(Xinhua)
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာန၌ သြဂုတ် ၁၃ရက် ညနေ ၆နာရီ ၄၃မိနစ်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကင်ဆာရောဂါ ပြင်ပလူနာဌာန အသေးစားခွဲစိတ်ခန်းရှိ မီးခလုတ်ခုံ အပူလွန်ကဲရာမှ စတင်ပြီး မီးလောင်ကျွမ်းရာ...
ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရှန်ဟိုင်းရန်ရှန်း ရေနက်ဆိပ်ကမ်း ရှိ ကမ္ဘာ့အကြီးဆုံး အလိုအလျောက် ကွန်တိန်နာဆိပ်ကမ်းကြီးမှာ အကျယ်အဝန်းအားဖြင့် ၂.၂၃ သန်း ရှိပြီး လက်ရှိအချိန်တွင် ကွန်တိန်နာအလုံးပေါင်း ၄သန်းခန့်ကို စီမံခန့်ခွဲနိုင်သည်။ထို ဆိပ်ကမ်းတွင် အလိုအလျောက် စီမံခန့်ခွဲသည့်စနစ်ကိုပါတွဲဘက်အသုံးပြုထားပြီး ၎င်းစနစ်တွင်လိုအပ်သည့် စက်ကိရိယာများအားလုံးကို တရုတ်ပြည်တွင်ထုတ်လုပ်ခြင်းဖြစ်သည်။...