Connect with us

North America

ရွှေ့ပြောင်းနေထိုင်သူအရေး အခွန်ဖြင့် ဖိအားပေးဖြေရှင်းသည့်အမေရိကန်အား မက္ကဆီကို ရှုတ်ချ

မက္ကဆီကို စီးတီး မြို့မြင်ကွင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အမေရိကန်က အခွန်နည်းလမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူအရေးကို မဖြေရှင်းသင့်ကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Luz Maria de la Mora က ဇွန် ၃ ရက်က ပြောကြားခဲ့သည်။

ကုန်သွယ်ရေးသည် ကမ္ဘာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၏အင်ဂျင်ဖြစ်ရာ အခွန်တိုးမြှင့် စည်းကြပ်ခြင်းက ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းကို နှောင့်နှေးစေရာ အဖက်ဖက်ကို ဆုံးရှုံးနစ်နာစေကြောင်း Luz Maria de la Moraက ဇွန် ၃ ရက်က မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးတွင် ကျင်းပသော ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဖလှယ်ရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် မီဒီယာများအား ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်၏ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများကို ဆောင်ရွက်နေခြင်းသည် ကမ္ဘာလုံး ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၊ ရွှေ့ပြောင်းနေထိုင်သူအရေးကိစ္စတွင် မက္ကဆီကိုက ကြိုးစားအားထုတ်မှုများစွာ လုပ်ဆောင်နေပြီဖြစ်ရာ ထို့ထက်ပို၍ လုပ်ဆောင်ရန်မှာ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆိုသည်။

မက္ကဆီကို အနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးစစ် မဖြစ်လိုကြောင်း ၊ ရွှေ့ပြောင်းနေထိုင်သူ အရေးကိစ္စနှင့် ကုန်သွယ်ရေး ကဏ္ဍကို နှစ်ပိုင်းခွဲ ဆွေးနွေးသင့်ကြောင်း ၊ လက်ရှိ မက္ကဆီကို အနေဖြင့် အရံနည်းလမ်းကို လေ့လာစီစစ်အကဲဖြတ်လျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏သက်ဆိုင်ရာ ယန္တရားများကို အသုံးချပြီး ဘက်စုံပါဝင်သည့် ကုန်သွယ်ရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း စသည့်ဖြင့် အမေရိကန်၏ အခွန်စည်းကြပ်မှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း Luz Maria de la Mora ပြောကြားခဲ့ သည်။

နယ်စပ်မှ ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူအရေးကိစ္စကို မက္ကဆီကိုဘက်မှ ကိုင်တွယ် ဖြေရှင်းစေရန် ရည်ရွယ်၍ ဇွန် ၁၀ ရက်မှစပြီး အမေရိကန်သို့ တင်သွင်းသည့် မက္ကဆီကို ကုန်ပစ္စည်း များကို အခွန် ၅ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သမ္မတ ထရမ့်က မေ ၃၀ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117