ဆာနား၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ မြောက်ပိုင်း ဆားဒါပြည်နယ်တွင် မကြာသေးမီက ကျောင်းကားတစ်စီးအား လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့၍ သေဆုံးသွားသူ ၅၁ဦးအနက် အယောက် ၄၀မှာ ကလေးငယ်များဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) က သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။
ရောမ ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ဒေသရှိ ယာဉ်သွားလမ်းတံတားတစ်ခု သြဂုတ်လ ၁၄ ရက်တွင် ကျိုးကျမှုကြောင့် အနည်းဆုံး လူ အယောက် ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး သြဂုတ်လ ၁၃ ရက်နေ့ ၁၈း၄၅ အချိန်တွင် မီးလောင်မှုကြောင့် ဆေးရုံ၏ လျှပ်စစ်ဌာနမှ ဝန်ထမ်းတစ်ဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။