Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်ရှိ ဆေးဆိုင် (၇) ဆိုင်မှ မှတ်ပုံတင်အမှတ် မပါရှိသောဆေးဝါး (၇၁) မျိုးတွေ့ရှိ

အစားအသောက် နှင့် ဆေးဝါးကွယ်ကဲရေးဦးစီးဌာန ၏ သတင်းထုတ်ပြန်အားတွေ့ရစဉ် (ဓာတ်ပုံ--YGN FDA)

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိဆေးဝါးအရောင်းဆိုင်များ သို့ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးဆိုင် (၇) ဆိုင်မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ( Myanmar Registration No.) မပါရှိသောဆေးဝါး (၇၁) မျိုး၊ သက်တမ်းလွန်ဆေးဝါး (၇) မျိုး တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစားအသောက် နှင့် ဆေးဝါးကွယ်ကဲရေးဦးစီးဌာန က သတင်းထုတ်ပြန်သည်။

အဆိုပါဆေးဝါးများအား သိမ်းဆည်းခဲ့ပြီး ယင်းဆေးဝါးအရောင်းဆိုင်များအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ရန်ကုန်မှတာဝန်ရှိသူများသည် (၃၀၊၅၊၂၀၁၉) ရက်နေ့တွင် လှိုင်သာယာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဆေးဆိုင် (၄) ဆိုင် မှာ ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲဆေးဝါးရောင်းချ နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယင်းဆိုင်အား ဆေးဝါးဆက်လက်ရောင်းချခြင်းမရှိစေရန်နှင့် လိုအပ်သောအရေးယူမှုများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)