Connect with us

Africa & Middle East

ဆွေးနွေးညှိနှိုင်းလိုသည့်အမေရိကန် စိတ်ရင်းအမှန်မပါဟု အီရန် ဆို

အီရန်နိုင်ငံ တီဟီရန်မြို့မြင်ကွင်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အီရန်နှင့် တောင်းဆိုချက်မရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားလိုသည်ဟုဆိုသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၏ ပြောကြားချက်သည် တုန့်ပြန်သည့်အနေဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းမှာ စကားလုံး အလှတန်ဆာဆင်ဂိမ်းကစားခြင်းသာဖြစ်ပြီး စိတ်ရင်းအမှန်လုံးဝမပါဟု ဆိုသည်။

ယခုကဲ့သို့ စကားလုံးအလှတန်ဆာဆင်ပြောဆိုခြင်းနောက်ကွယ်၏သဘောဆန္ဒများက နက်နဲရာ အီရန်အနေဖြင့် တွေ့ဆုံဖို့ ဆုံးဖြတ်ရန် မသင့်တော်ကြောင်း ၊ အမေရိကန်အစိုးရက အီရန်ကို ဦးတည်ဆောင်ရွက်နေသည့် နည်းလမ်းများကို ပြောင်းလဲခြင်းကသာ အီရန်၏ သဘောဆန္ဒကို ပြောင်းလဲစေမည့် ကနဦး လိုအပ်ချက်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။

အမေရိကန်အနေဖြင့် အကြိုတောင်းဆိုချက်များမထားရှိဘဲ အီရန်နှင့် တွေ့ဆုံဆွေးနွေးသွားလိုကြောင်း ၊ သို့သော်လည်း အီရန်အပေါ်ထားရှိသည့် ဖိအားများကို ဖြေလျော့ပေးမည်မဟုတ်ကြောင်း ဆွစ်ဇာလန်သို့ အလုပ်သဘော လေ့လာရေးခရီး သွားရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် မေလဆန်းပိုင်းတွင် အမေရိကန်က အီရန်အပေါ်ပိတ်ဆို့မှုများ တစ်ဆင့်ထပ်တိုးဆောင်ရွက်ခဲ့ ရာ အီရန်၏ရေနံတင်သွင်းမှုကို ဘက်စုံပိတ်စို့ဆို့မှုများ ပြုလုပ်ခဲ့ပြီး သတ္တုလုပ်ငန်းများကိုလည်း ပိတ်ဆို့မှု အသစ်များ ပြုလုပ်ခဲ့သည်။ သို့သော် လက်ရှိတွင် အီရန်၏ ကုန်ဈေးနှုန်းနှင့်နိုင်ငံခြားငွေလွှဲလွဲနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ၊ ပိတ်ဆို့မှုအသစ်များက အီရန်၏လူမှုစီးပွားအခြေအနေအား သိသာထင်ရှား သည့် သက်ရောက်မှုမရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.