ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မေ ၂၁ ရက်က ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟူစတန်၊ မေ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးခြင်း၊နေအိမ်ပြိုလဲပျက်စီးခဲ့သလို အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မေ ၂၂ ရက်အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၂၃ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အနောက်ပိုင်းတွင် ဗုံးပြုလုပ်သောပစ္စည်းများဖြင့်တွေ့ရသည်ဟု စွပ်စွဲခံထားရပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က တရားစွဲထားကြောင်း သိရသည်။
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ဒေါင်နမ်(Dong Nai)ပြည်နယ်တွင် မေ ၂၃ ရက်၌ ရထားတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဂျကာတာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒပြပွဲများတွင် ပါဝင်သော အကြမ်းဖက်သူ ၂၅၇ ဦးအား ဂျကာတာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း နှင့် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် ပို၍ အဖမ်းခံရဖွယ်ရာ ရှိကြောင်း ဂျကာတာ ရဲတပ်ဖွဲ့၏...