Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မေ ၂၁ ရက်က ကျပ် ၇၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဖောင်းပြင်မြို့ဘက်သို့မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ ရှာဖွေခဲ့ရာ ရောင်းဟီးကျေးရွာအရှေ့ဘက်ရှိ တောလမ်းတွင် အဆိုပါယာဉ်အား ရပ်တန့်ထားသည်ကိုတွေ့ရသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်အနီးရှိ ခြုံပုတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၅၉၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၁၂၈ သိန်း)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ဘိန်းဖြူများနှင့် ပတ်သက်ပြီး ဖောင်းပြင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.