ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီပုထိုးများ မိုးရာသီတွင် အရေးပေါ်ပြုပြင်ဆောင်ရွက်နေကြောင်း ငလျင်ဒဏ်သင့်ဘုရားများ ပြုပြင်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ် နှင့် ကုလားတန်မြစ်ရေ တို့သည် မြစ်ရေများ မြင့်တက်နိုင်သည့်အတွက် ဟုမ္မလင်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၁၃ရက်(ဆင်ဟွာ) “ယူနန်အလှ တရုတ်ပန်းချီပြပွဲ”ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှုစင်တာတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၎င်းအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦတင်မောင်ထွန်း၊ဒုတိယဥက္က္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်...
ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ချင်းပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် မှတ်ပုံတင်မဲ့ယာဉ်များ နှင့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ဇူလိုင် ၂ ရက်နေ့မှ စ၍ တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ချင်းပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက...
ထျန်ကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အာရှတွင် အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံမှ တည်ဆောက်သော သောင်တူးသင်္ဘောသည် ပထမဆုံး ပင်လယ်တွင် စမ်းသပ်မောင်းနှင်ခြင်း အောင်မြင်စွာပြီးဆုံးပြီးနောက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ချီတုံမြို့ရှိ သင်္ဘောကျင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။