ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) Miss Myanmar International 2017 (နိုင်ငံတကာမယ်မြန်မာ-၂၀၁၇) ပြိုင်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ လျှောက်လွှာတင်ယှဉ်ပြိုင်ကြသည့် အလှမယ်များထဲမှ ဆန်ကာတင်ပြိုင်ပွဲဝင် အလှမယ်အယောက် (၃၀) အားရွေးချယ်လိုက်ကြောင်း Miss Myanmar International Organization မှတာဝန်ရှိသူ မစိမ်းစန္ဒာထွန်း ကဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ) စွမ်းအင် လုံလောက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် LNG တင်သွင်း ဖြန့်ဖြူးရေး လုပ်ငန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း ပါဝင်ဆောင်ရွက်ခွင့် ရရှိမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက ယနေ့ ပြောကြားခဲ့သည် “မကြာမီကာလမှာ မလွဲမသွေ ဆောင်ရွက်ရမယ့်...
ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဂီနီသမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် ထူထောင်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ကမ်းနီးပင်လယ်ကမ်းရိုးတန်းလေးခုတွင် ကနဦးစီမံချက်များ ချမှတ်ကာ ငါးသယံဇာတပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။