Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၄၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအားစိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄၀ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားကားလမ်းမပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် လားရှိုးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် —- ယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် ပေါ်တွင်လိုက်ပါလာသော သိန္နီမြို့နယ်၊ နမ့်ခိုက်စုစည်းကျေးရွာနေ ခရီးသည် လဂမ် ၄၀ နှစ်၏ပေါင်ပေါ်ရှိ ဘေးလွယ် အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄၀ သိန်း)၊ မြန်မာငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.