Connect with us

Politics, Law & Military

အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပုံနှိပ်ထုတ်ဝေ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (Conference on Dialogue of Asian Civilizations) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပုံနှိပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီက “ကံကြမ္မာအကျိုးတူ အာရှအသိုက်အဝန်းတစ်ခုအတွက် ယဉ်ကျေးမှုများအကြား ဖလှယ်မှုများနှင့် အပြန်အလှန်လေ့လာမှု နက်ရှိုင်းခြင်း” ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းအား မေလ ၁၅ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါ စာအုပ်အား ပြည်သူ့ပုံနှိပ်ထုတ်ဝေရေးက ပုံနှိပ်ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဆင်ဟွာစာအုပ်ဆိုင်များတွင် မေလ ၁၇ ရက်မှစ၍ ရရှိနိုင်ပြီဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117