ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်မှုကြောင့် သံလွင်မြစ်ရေ တိုးလာသဖြင့် စိုရိမ်ရေ အမှတ် အထက် ကျော်လွန်ကာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ဘားအံမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေများ ဝင်ရောက်လျက် ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် တီးတိန်မြို့နယ်၌ လေသေနတ် ၁ လက်နှင့် ၎င်းကျည် ၃၅၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘာလင်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း တွင် ဇူလိုင် ၂၁ ရက် က ကား ၁၀စီး ဆင့်တိုက်မိခဲ့ရာ လူ ၄ဦး သေဆုံးခဲ့ကြောင်း ဂျာမနီသတင်းဌာန DPA ကဖော်ပြခဲ့သည်။